Y.E.C Learning Center

2006 ဆေးတက္ကသိုလ်မှာ စာလေ့လာနေရင်း ကျွန်တော် 48 မိနစ် ဖတ်လို့မှ မရသေးတဲ့စာကို သူငယ်ချင်း ဂျုံးလွမ်းဆိုသူက ငါးမိနစ်ဖတ်ရင်း အစအဆုံး ပြန်ရွတ်ပြခဲ့တယ်။ ဒီမှာတော်တော် စိတ်ဓာတ်ကျသွားတယ်။ ဒါနဲ့ ကျောင်းမတက်ပဲ နှစ်ပတ်လောက် အင်တာနက်ဆိုင်မှာ Mirc Chatting နဲ့အချိန်ကုန်ရင်း၊ Tony Buzan ဆိုသူတစ်ယောက်အကြောင်းဖတ်ရတယ်။ မှတ်ဉာဏ်တိုးတက်စေနိုင်တဲ့ နည်းလမ်းတွေရှိတယ်၊ လွန်ကူလေ့လာလို့ရတဲ့နည်းပညာတွေ ရှိတယ်ဆိုတာသိလာခဲ့တယ်။ ဒါဟာ ဘဝကို ပြောင်လဲပေးမည့်အချိုးအကွေ့တစ်ခုဖြစ်လာတယ်။ လေ့လာသင်ယူမှု ပိုင်းမှာ သူငယ်ချင်းကို ယှဉ်နိုင်လာတယ်။ ကျောင်းပြီးတဲ့အချိန်မှာ ဆေးပညာအပြင် အသုံးချစိတ်ပညာ၊ နည်းပညာနဲ့ စီမံခန့်ခွဲမှု ဘာသာရပ်များကိုလေ့လာခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျွန်တော့်လို အခက်အခဲတွေ မကြုံရတော့အောင် ကျွန်တော်လေ့လာထာတဲ့ ပညာရပ်တွေနဲ့အတူ အလုပ်ခွင်ဝင် Working Professionals များနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်တို့ကို ပြန်လည် sharing လုပ်ပေးဖို့ရည်ရွယ်ရင်း Y.E.C Learning Center ကို စတင်ဖြစ်ပါတယ်။ Y.E.C Learning Center သည် ၂၀၁၅ မှာ မန္တလေးမှာ နိုင်ငံတကာအသိအမှတ်ပြု diploma တက်ရောက်လိုသည့် မန္တလေးမြို့နေပြည်သူများအတွက် Academic Partner များဖြစ်သည့် City of Oxford College (UK) နှင့် IQN (UK) တို့နှင့်ပူးပေါင်းပြီး International Diploma သင်တန်းများဖွင့်လှစ်ခဲ့ပြီး၊ ယခုတွင် Business & Management, Marketing, Human Resource Management, Financial Management နှင့် Entrepreneurship ဘာသာရပ်များကို ပို့ချပေးလျက်ရှိပါတယ်။ MBA Program ကို မလေးရှားအခြေစိုက် မလေးရှားအစိုးရ အသိအမှတ်ပြု Lincoln University College နှင့် ပူးတွဲ ဖွင့်လှစ်ပေးလျက်ရှိပါသည်။ ကျွန်တော်တို့ဆောင်ပုဒ်သည် Catalyst for Change အပြောင်းအလည်းများအတွက် အထောက်အပံ့ကောင်းဖြစ်ပါတယ်။ မန္တလေးနှင့်အနီးတစ်ဝိုက်မှ လုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင်များ၊ လုပ်ငန်းခွင်ဝင် working professional များအတွက် ပညာရေးလိုအပ်ချက်များအားလုံးကို ဖြည့်ဆည်းပေးသွားပါမယ်။ We transform lives through education and technology.